Canada · Visitor Visa (TRV)
ကနေဒါ အလည်အပတ်ဗီဇာ
ကနေဒါ အလည်အပတ်ဗီဇာအတွက် ကိုယ်ရေး၊ ငွေကြေးနှင့် ခရီးစဉ်ဆိုင်ရာ စာရွက်စာတမ်းတွေ ပြင်ဆင်နိုင်ပါတယ်။
- SontZar ခန့်မှန်းကြာချိန်
- ၄၅ ရက်ဝန်းကျင်
- ဗီဇာ သက်တမ်း
- IRCC ဆုံးဖြတ်ချက်အလိုက်
IRCC ကြာချိန်သည် လျှောက်သည့်နိုင်ငံနှင့် အမှုတွဲအလိုက် ကွာနိုင်ပါတယ်။ Biometrics အတွက် လိုအပ်သောအချိန် သီးခြားတွက်ပါ။
ဗီဇာကြေးနှင့် ဝန်ဆောင်ခ
- တရားဝင် ဗီဇာကြေး
- CAD 100Biometrics လိုအပ်ပါက CAD 85 ထပ်ပေါင်းနိုင်ပြီး တစ်ဦးလျှင် စုစုပေါင်း CAD 185 ဖြစ်ပါတယ်။
- SontZar ဝန်ဆောင်ခ
- USD 150တစ်ဦးလျှင်
လိုအပ်သော စာရွက်စာတမ်းများ
SontZar ပြင်ဆင်ရေးစာရင်း။ သင့်အခြေအနေအလိုက် လိုအပ်ချက်များ ကွာနိုင်ပါတယ်။
ကိုယ်ရေးအချက်အလက်
- သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၏ အချက်အလက်စာမျက်နှာ
- အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မူရင်း၊ မိတ္တူနှင့် ဘာသာပြန်နိုတြီ
- အဖြူရောင်နောက်ခံ ဓာတ်ပုံ ၂ ပုံ။ တင်သွင်းမည့်ပုံစံအလိုက် IRCC သတ်မှတ်ချက်ကို စစ်ပါ။
ငွေကြေးနှင့် အလုပ်အကိုင်
- ဘဏ်စာအုပ်မူရင်းနှင့် အနည်းဆုံး ၆ လစာ ဘဏ်စာရင်းရှင်းတမ်း။ SontZar လမ်းညွှန်တွင် ကျပ်သိန်း ၅၀ နှင့်အထက် ဖော်ပြထားပြီး သင့်ခရီးစရိတ်ကို ကာမိရန် လိုပါတယ်။
- အလုပ်ဝင်ရက်၊ ရာထူး၊ လစာ၊ ခွင့်ရက်ပါ အလုပ်ထောက်ခံစာ၊ ၃ လစာ လစာဖြတ်ပိုင်း၊ အလုပ်ရှင်၏ DICA မှတ်ပုံတင်နှင့် Company Extract
- ကိုယ်ပိုင်လုပ်ငန်းရှိလျှင် DICA Certificate၊ Company Extract၊ လုပ်ငန်းလိုင်စင်နှင့် အခွန်စာရွက်စာတမ်း
- ရှိပါက အိမ်၊ ခြံ၊ မြေ၊ ကားပိုင်ဆိုင်မှုစာရွက် မူရင်း၊ မိတ္တူနှင့် အင်္ဂလိပ်ဘာသာပြန်နိုတြီ
SontZar ပြင်ဆင်ပေးမည့် ဝန်ဆောင်မှုများ
- ဟိုတယ်နှင့် အသွားအပြန် လေယာဉ်ဘိုကင် စီစဉ်ခြင်း
- ခရီးစဉ်အစီအစဉ်နှင့် စာရွက်စာတမ်းများ စုစည်းပေးခြင်း
- လိုအပ်သော ချိန်းဆိုမှုအတွက် လိုက်ပါကူညီပေးခြင်း
စုံစမ်းတဲ့အခါ သွားမယ့်နိုင်ငံ၊ ခရီးရက်နဲ့ ခရီးရည်ရွယ်ချက်ကို ပြောပေးပါ။
ဖုန်းဆက်ရန် 09 880 902 556လျှောက်ထားမီ သိထားရန်
- ဗီဇာရရှိမှုနှင့် တစ်ကြိမ် သို့မဟုတ် အကြိမ်ကြိမ်ဝင်ခွင့်ကို IRCC က ဆုံးဖြတ်ပါတယ်။ အခကြေးငွေယူ၍ ကိုယ်စားပြုခြင်း သို့မဟုတ် လူဝင်မှုကြီးကြပ်ရေး အကြံပေးခြင်းအတွက် IRCC အသိအမှတ်ပြု ကိုယ်စားလှယ်ကို သုံးရပါတယ်။
- ဗီဇာပယ်ချခံရလျှင် ပေးသွင်းပြီးသော ဗီဇာကြေးနှင့် SontZar ဝန်ဆောင်ခမှာ ပြန်အမ်းမရသည့်အမျိုးအစား ဖြစ်ပါတယ်။