South Korea · Short-term Visitor Visa
တောင်ကိုရီးယား အလည်အပတ်ဗီဇာ
တောင်ကိုရီးယားသို့ အလည်အပတ်သွားရန် ကိုယ်ပိုင်ခရီးစဉ်နှင့် ဖိတ်ခေါ်သူရှိသည့် ခရီးစဉ်အတွက် စာရွက်စာတမ်း ပြင်ဆင်ပေးပါတယ်။
- SontZar ခန့်မှန်းကြာချိန်
- ၁၅ ရက်ဝန်းကျင်
- ဗီဇာ သက်တမ်း
- ဗီဇာတွင် ဖော်ပြသည့်ရက်
လျှောက်ထားသူနှင့် အမှုတွဲအလိုက် ကြာချိန် ကွာနိုင်ပါတယ်။
ဗီဇာကြေးနှင့် ဝန်ဆောင်ခ
- တရားဝင် ဗီဇာကြေး
- ဗီဇာအမျိုးအစားအလိုက်သံရုံး၏ လက်ရှိနှုန်းထားကို အတည်ပြုပါ။
- SontZar ဝန်ဆောင်ခ
- ၅၀၀,၀၀၀ ကျပ်တစ်ဦးလျှင်
လိုအပ်သော စာရွက်စာတမ်းများ
SontZar ပြင်ဆင်ရေးစာရင်း။ သင့်အခြေအနေအလိုက် လိုအပ်ချက်များ ကွာနိုင်ပါတယ်။
ကိုယ်ရေးအချက်အလက်
- သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၏ အချက်အလက်စာမျက်နှာ
- အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မူရင်း၊ မိတ္တူနှင့် ဘာသာပြန်နိုတြီ
- အဖြူရောင်နောက်ခံ ဓာတ်ပုံ ၂ ပုံ။ အရွယ်အစားကို သံရုံး၏ လက်ရှိသတ်မှတ်ချက်အတိုင်း ပြင်ဆင်ပါ။
ငွေကြေးနှင့် အလုပ်အကိုင်
- ဘဏ်စာအုပ်မူရင်းနှင့် အဝင်အထွက် ၆ လစာ ဘဏ်စာရင်းရှင်းတမ်း၊ ၂ ပတ်အတွင်း ထုတ်ထားသည့်စာရွက်။ SontZar ပြင်ဆင်ရေး လမ်းညွှန်တွင် ကျပ်သိန်း ၅၀၀ လက်ကျန် ဖော်ပြထားပါတယ်။
- အလုပ်ဝင်ရက်၊ ရာထူး၊ လစာ၊ ခွင့်ရက်ပါ အလုပ်ထောက်ခံစာ၊ အလုပ်ရှင်၏ DICA မှတ်ပုံတင်နှင့် Company Extract
- ကိုယ်ပိုင်လုပ်ငန်းရှိလျှင် DICA Certificate၊ Company Extract၊ လုပ်ငန်းလိုင်စင်နှင့် အခွန်စာရွက်စာတမ်း
- ရှိပါက အိမ်၊ ခြံ၊ မြေ၊ ကား ပိုင်ဆိုင်မှုစာရွက် မူရင်း၊ မိတ္တူနှင့် ဘာသာပြန်နိုတြီ
ဖိတ်ခေါ်သူရှိလျှင်
- သံရုံးသတ်မှတ်ပုံစံဖြင့် လက်မှတ် သို့မဟုတ် တံဆိပ်ပါ ဖိတ်ခေါ်စာနှင့် အာမခံစာ
- ဖိတ်ခေါ်သူ၏ လက်မှတ်အတည်ပြုစာ၊ နိုင်ငံကူးလက်မှတ်နှင့် နိုင်ငံခြားသား မှတ်ပုံတင်ကတ်မိတ္တူ
- လုပ်ငန်းလိုင်စင်၊ အခွန်၊ တံဆိပ်အထောက်အထားနှင့် Registered Certificate
- ဝင်ငွေထောက်ခံစာ၊ ဘဏ်လက်ကျန်ထောက်ခံစာ (Bank Certificate) နှင့် ၆ လစာ ဘဏ်စာရင်းရှင်းတမ်း
SontZar ပြင်ဆင်ပေးမည့် ဝန်ဆောင်မှုများ
- ဟိုတယ်ဘိုကင်
- အသွားအပြန် လေယာဉ်ဘိုကင်
- ခရီးစဉ်အစီအစဉ်
စုံစမ်းတဲ့အခါ သွားမယ့်နိုင်ငံ၊ ခရီးရက်နဲ့ ခရီးရည်ရွယ်ချက်ကို ပြောပေးပါ။
ဖုန်းဆက်ရန် 09 880 902 556