ဖုန်းဆက်ရန်

United Kingdom · Standard Visitor Visa

ယူကေ အလည်အပတ်ဗီဇာ

ဗြိတိန်သို့ အလည်အပတ်သွားရန် Standard Visitor Visa စာရွက်စာတမ်းနှင့် အင်္ဂလိပ်ဘာသာပြန်စာရွက်များ ပြင်ဆင်ရာမှာ ကူညီပေးပါတယ်။

နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားတံဆိပ် အလှဆင်ပုံ
SontZar ခန့်မှန်းကြာချိန်
၁ လဝန်းကျင်
ဗီဇာ သက်တမ်း
ပုံမှန် ရက်တိုဗီဇာ ၆ လ
နေထိုင်ခွင့်
ပုံမှန် ၆ လအထိ

GOV.UK အရ အွန်လိုင်းလျှောက်လွှာ၊ အထောက်အထားနှင့် ကိုယ်ရေးအတည်ပြုမှု ပြည့်စုံပြီးနောက် ပုံမှန် ၃ ပတ်ဝန်းကျင် ကြာပါတယ်။

ဗီဇာကြေးနှင့် ဝန်ဆောင်ခ

တရားဝင် ဗီဇာကြေး
GBP 135၆ လ Standard Visitor Visa အတွက် GOV.UK ထုတ်ပြန်နှုန်း။
SontZar ဝန်ဆောင်ခ
USD 200တစ်ဦးလျှင်

လိုအပ်သော စာရွက်စာတမ်းများ

SontZar ပြင်ဆင်ရေးစာရင်း။ သင့်အခြေအနေအလိုက် လိုအပ်ချက်များ ကွာနိုင်ပါတယ်။

ကိုယ်ရေးအချက်အလက်

  • သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၏ အချက်အလက်စာမျက်နှာ
  • အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင် မူရင်း၊ မိတ္တူ၊ လိုအပ်လျှင် ဘာသာပြန်စာ
  • မြန်မာဘာသာစာရွက်များအတွက် UK Home Office က အတည်ပြုနိုင်သော အပြည့်အစုံ အင်္ဂလိပ် သို့မဟုတ် Welsh ဘာသာပြန်စာ

ငွေကြေးနှင့် အလုပ်အကိုင်

  • ဘဏ်မန်နေဂျာ လက်မှတ်နှင့် ဘဏ်တံဆိပ်ပါ ၃ လစာ ဘဏ်စာရင်းရှင်းတမ်း၊ ဘဏ်စာအုပ်မူရင်း။ SontZar ပြင်ဆင်ရေး လမ်းညွှန်တွင် ကျပ်သိန်း ၁၀၀ နှင့်အထက် ဖော်ပြထားပါတယ်။
  • အလုပ်ထောက်ခံစာနှင့် ၃ လစာ လစာဖြတ်ပိုင်း
  • ကိုယ်ပိုင်လုပ်ငန်းရှိလျှင် DICA Certificate နှင့် Company Extract။ ဒါရိုက်တာဖြစ်ပါက MD ခရီးသွားခွင့် ထောက်ခံစာ
  • ရှိပါက အိမ်၊ ခြံ၊ မြေ၊ ကား ပိုင်ဆိုင်မှု အထောက်အထား

SontZar ပြင်ဆင်ပေးမည့် ဝန်ဆောင်မှုများ

  • ခရီးစဉ်အတွက် ဟိုတယ်ဘိုကင် စီစဉ်ပေးခြင်း
  • အသွားအပြန် လေယာဉ်ဘိုကင် စီစဉ်ပေးခြင်း

စုံစမ်းတဲ့အခါ သွားမယ့်နိုင်ငံ၊ ခရီးရက်နဲ့ ခရီးရည်ရွယ်ချက်ကို ပြောပေးပါ။

ဖုန်းဆက်ရန် 09 880 902 556

လျှောက်ထားမီ သိထားရန်

← အခြားခရီးစဉ်ဒေသများ ကြည့်ရန်